ပင်လောင်း ဇွန် ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျွဲ၊ နွားလည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများကို ဇွန် ၂ ရက်တွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ စိုင်းအေးလှိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများက လွယ်မော်ကျေးအုပ်စု ပေါ့ကဲကျေးရွာရှိ ကျွဲ၊ နွား ၁၀၀အား လည်ချောင်းကွဲ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


