မုံရွာ ဇွန် ၂

 

အားကစားနှင့် ကာယပညာ သိပ္ပံ(မုံရွာ) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းရှိ မိုးလုံလေလုံ အားကစားလေ့ကျင့်ရေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မုံရွာ မြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းသား ကျောင်းသူများက “သိပ္ပံ-မုံရွာ” တေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အလှူရှင်များက အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် ကျောင်းသား ကျောင်းသူများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်သည်။

 

ထို့နောက် ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများနှင့် လက်ဝှေ့၊ အလေးမ၊ ကရာတေး၊ Fitness Dance အားကစားနည်းများဖြင့် သရုပ်ပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ခင်းကျင်း ပြသထားသည့် အားကစားနည်း များအလိုက် သင်ထောက်ကူပစ္စည်းများနှင့် အားကစားလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ စာကြည့် တိုက်အတွင်း သုတ၊ ရသစာအုပ်/စာစောင်များကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)