ပဲခူး ဇွန် ၂

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဉေယျ ဓမ္မာဘိဝံသဆရာတော်ကြီးနှင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာစီ မူကျမ်းစာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဆံတော်ရှင်ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး ရွှေမော်ဓော စေတီတော်မြတ်ကြီးနှင့် ဘုရားပရိဝုဏ်အတွင်း သန့်ရှင်းသပ်ရပ်ကြည်ညိုဖွယ်ဖြစ်စေရေး၊ ပြည်တွင်း ပြည်ပမှ ဘုရားဖူး ရဟန်းရှင်ပြည်သူများ စိတ်ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်