မော်လမြိုင် မေ ၃၁

 

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ လူငယ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲသို့တက်ရောက်၍ အမှာစကားပြောကြားသည်။

 

ထို့နောက် မွန်ပြည်နယ် လူငယ်ကိုယ်စားလှယ်များ ကိုယ်စား ဒေါက်တာ အောင်မြတ်သူက ယာယီ ဖွင့်လှစ်ပေးထားသော မွန်ပြည်နယ်လူငယ်စင်တာ အဆောက်အအုံတွင် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မော်လမြိုင် တက္ကသိုလ်အတွက် ငွေကျပ် ၁၅၁၅၀၀၀ တန်ဖိုးရှိ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လူငယ်စင်တာ အဆောက်အအုံတည်ဆောက်မည့် လျာထား မြေနေရာ၊ မွန်ပြည်နယ် လူငယ်စင်တာ ယာယီ ဖွင့်လှစ်မည့် ကျောင်းသား အားကစားကွင်းရှိ သုံးထပ်အဆောက်အအုံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်