ရန်ကုန် မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် သမဝါယမဦးစီးဌာနက တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာများပေးအပ်ခြင်းကို ယနေ့တွင် မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။
ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်က အမှာစကားပြောကြားသည်။ ထို့နောက် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသီမြလှိုင်က မျိုးစပါးနှင့် သဘာဝမြေသြဇာ ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အသင်းရှစ်သင်း၊ အသင်းသား ၁၅၆ ဦးအတွက် မျိုးစပါးနှင့် သဘာဝမြေဩဇာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)


