ပုသိမ် မေ ၂၈

 

စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများက မိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု၊ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု၊ မျိုးစေ့ဖြန့်ဝေပေးနိုင်မှု၊ စက်သုံးဆီနှင့် သွင်းအားစုများလိုအပ်မှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးမည့် အခြေအနေနှင့် မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဖြည့်ဆည်းပေးသည်။

 

ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၆) အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများ၏ တင်ပြဆွေးနွေးမှုအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)