လဲချား မေ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနမှ မြို့မစျေး သမဝါယမအသင်း(လီမိတက်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာသင်းလုံးကျွတ် အစည်းအဝေးကို အသင်းရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ အသင်းဥက္ကဋ္ဌ ဦးမျိုးဆွေက အမှာစကားပြောကြားကာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက အသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အသင်းစည်းကမ်းအား ပြင်ဆင်ဖြည့်စွက်ခြင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အသင်းအုပ်ချုပ်မှုဒါရိုက်တာက အသင်းလုပ်ငန်းများအား ရှင်းလင်းပြီး လစ်လပ်သွားသော အမှုဆောင်နှစ်ဦးနေရာအား အသင်းသားများမှ ရွေးချယ်တင်မြှောက်ခဲ့ကာ အသင်းသားများသို့ စုဆောင်းငွေအပေါ် အတိုးငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


