ရွှေပြည်သာ မေ ၂၈

 

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျော့ကျစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ RRT အဖွဲ့များ၊ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RRT အဖွဲ့များနှင့် ရွှေပြည်သာ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်ကျန်းမာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များက ပူးပေါင်း၍ မေ ၁၈ ရက်မှ ၃၁ ရက်အထိ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)