ရေကြည် မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကုသရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်အတွင်းရှိ ကုန်တင်ကုန်ချ လုပ်သားများနှင့် စည်ပင်လုပ်သားဝန်ထမ်း စုစုပေါင်း ၁၅၀ အား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ထွန်းအောင် ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ ရပ်မိရပ်ဖများ၊ ပရဟိတအဖွဲ့များ၊ မိခင်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)