မိုးနဲ မေ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တုန်ဟုန်း)၌ ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်အား နယ်မြေခံ တပ်နယ်မှူး၊ နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းဝင်း၊ ခရိုင်ပညာရေးမှူး ဦးကျော်နိုင်သွင်နှင့် မိုးနဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း)ခန်းမ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကိုကျင်းပရာ ကျိုင်းတောင်းတပ်နယ်မှူးက အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်ပညာရေးမှူးတို့က ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများကို ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


