ကဝ မေ ၂၄

 

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို မေ ၁၉ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းက ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရည်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်လွှာများကို သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရဲဇော်ဟိန်း(ပြန်/ဆက်)