ရန်ကုန်    မေ    ၁၄

၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ကလပ်အသင်းများသည် မေ ၁၃ ရက်က ရာသီကြိုခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ မြဝတီ၊ ရန်ကုန်စီးတီးနှင့် ရတနာပုံအသင်းတို့ နိုင်ပွဲရရှိခဲ့သည်။

ရာသီကြိုခြေစမ်းပွဲများတွင်  ရတနာပုံအသင်းက  ဒဂုံစတားယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊  ရန်ကုန်စီးတီးအသင်းက အား/ကာသိပ္ပံအသင်းကို  နှစ်ဂိုး-တစ်ဂိုး၊ မြဝတီအသင်းက Chinland အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ လာမည့်ရာသီ MNL ယူ-၂၀ လိဂ်ပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၄ သင်း  ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မေ ၂၃ ရက်တွင် စတင်မည်ဖြစ်သောကြောင့် ကလပ်အသင်းများအနေဖြင့် ရာသီကြိုခြေစမ်းပွဲများ ကစားကာ   ဆက်တိုက်ပြင်ဆင်နေခြင်းဖြစ်သည်။

ယခုရာသီ MNL ယူ-၂၀ ပြိုင်ပွဲယှဉ်ပြိုင်မည့် ကလပ်အသင်းအများစုမှာ နည်းပြချုပ်များပြောင်းလဲထားပြီး  ယခုနှစ်တွင် ယူ-၂၀ လိဂ်အဖြစ်  ကျင်းပမည်ဖြစ်သောကြောင့် ကလပ်အသင်းအားလုံးနီးပါး ကစားသမားများ ပြန်လည်ရွေးချယ်ကာ   ပြင်ဆင်နေခြင်းဖြစ်သည်။       

သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ-MNL