ပြည် မေ ၁၁

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ဓာတ်မြေသြဇာသုံးစွဲမှုလျှော့ချ၍ သဘာဝမြေသြဇာနှင့် မြေပြုပြင်မြေသြဇာများ စနစ်တကျ တွဲဖက်အသုံးပြုရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို မေ ၇ ရက်က ပြည်မြို့ ဇီးအုပ်တောင်သူပညာပေးသင်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူးဦးဝင်းလှိုင်ဦးက အမှာစကားပြောကြားပြီး သကြားထွက်သီးနှံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ကြံစိုက်ခင်းမှထွက်ရှိလာသည့် ကြံရွက်ခြောက်များအား မီးရှို့မည့်အစား ကြံရွက်ခြောက် သဘာဝမြေဆွေးပုံပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမည့်အကျိုးသက်ရောက်မှုများအကြောင်း၊ မြန်မာစုတက်ကုမ္ပဏီမှ Chief Operation Officer ဒေါ်ရည်ရည်မွန်က ကုမ္ပဏီအနေဖြင့် တောင်သူများအား ပံ့ပိုးပေးနိုင်မည့်အစီအစဉ်များ၊ New Hollanel Companyမှ MD ဦးမင်းမင်းခိုင်က ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကြံစိုက်ပျိုးခြင်း စနစ်အကြောင်းနှင့် သဘာဝမြေသြဇာကုမ္ပဏီများဖြစ်သည့် Dr.Farmer ဖိုးတောင်သူမြေပြုပြင် မြေသြဇာကုမ္ပဏီနှင့် ပန်းတင်သဘာဝမြေသြဇာကုမ္ပဏီများမှ တာဝန်ရှိသူများက သဘာဝမြေသြဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုခြင်းနှင့် ပြုလုပ်နည်းများအကြောင်းကို ဆွေးနွေးပြောကြားသည်။

အေးမိုး(ပြန်/ဆက်)