ပခုက္ကူ မေ ၁၀

 

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် ယမန်နေ့နံနက်ပိုင်းက ပခုက္ကူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

 

ပေးအပ်ချီးမြှင့်

တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အမှာစကား ပြောကြားကာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန် ၄၀၂ အိတ်၊ ဆီ ၁၂၀၇ ပိဿာ၊ ကုလားပဲအိတ် ၅၀ တို့ကို နယ်မြေခံတပ်နယ်မှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့ထံ ထောက်ပံ့ပေးအပ်ပြီး ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ပခုက္ကူပညာရေးဒီဂရီကောလိပ်မဟာသရေစည်သူဦးဘခန်းမ၌ ဆရာ ဆရာမများ၊ ပညာရေးနှင့် နည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၂/၂၀၂၆) သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)