တောင်ကြီး မေ ၁၀

 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသိမ်းမော်၊ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်နိုင်ဦး၊ ရှမ်းပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်သူနှင့်အဖွဲ့က မေ ၇ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီမွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ မွေးမြူသူ/လုပ်ငန်း ကော်မတီ ၁၂ ခုနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံရာတွင် ကျောက်နီမွေးမြူရေးဇုန်အတွင်း လက်ရှိနို့စားနွား ၁၀၀၈ ကောင်၊ အသား တိုးနွား ၁၂ ကောင်၊ ဒေသနွား ၆၉၈ ကောင် စုစုပေါင်း ၁၇၀၈ ကောင်အား ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်နေမှု ကြီးကြပ်ခြင်း၊ ရေနှင့် အစာအရည်အသွေးများ စစ်ဆေးမှု၊ မွေးမြူရေးတိရစ္ဆာန် များ၏ zoonotic disease များ စစ်ဆေးမှု ဆွေးနွေးအကြံပြုခြင်းနှင့် ကာကွယ်ဆေးထိုးစီမံချက်များ စနစ်တကျ ဖြစ်စေရေးတို့ကို ကြီးကြပ်ခဲ့ပြီး ခြံဖျန်းပိုးသတ်ဆေးများ အခမဲ့ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် SSS Agri-Tech Co.,Ltd ၏အဆင့်မြင့် နို့စားနွားခြံတွင် နို့စားနွား ၈၉၃ ကောင်၏ ကျန်းမာရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)