ဖျာပုံ မေ ၇
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဖျာပုံခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောအောင်ကျော်စိုးက ဒေသန္တရစီမံကိန်းရေးဆွဲထားမှုနှင့်ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဖျာပုံခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများထံ စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


