နေပြည်တော်    ဧပြီ    ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏  မြန်မာသက္ကရာဇ် ၁၃၈၈  ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကို ရုံးဝင်းအတွင်းရှိ လျှိုပိတ်ဆည်၌ ယနေ့ ညနေပိုင်းတွင် ကျင်းပသည်။

ငါးလွှတ်ပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းနှင့်ဇနီး ၊ ဒုတိယဝန်ကြီး ဦသိုက်စိုးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ငါးလွှတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများက ငါးသားပေါက်ကောင်ရေ ၆၃၀၀ ကို ဇီဝိတဒါနအဖြစ် လျှိုပိတ်ဆည်ထဲသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။                                              

သတင်းစဉ်