ဟိုပုံး ဧပြီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မဟာသင်္ကြန် ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက် ညနေပိုင်း က သီရိမင်္ဂလာသာသနာ့ဗိမာန်ရှေ့ ဟိုပုံးမြို့ မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ်  တာဝန်ထမ်းဆောင်ခဲ့သည့် ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေ တို့က မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ ယှဉ်ပြိုင်နေမှု၊ အထက(၁)ယိမ်းအဖွဲ့နှင့် ထွေ/အုပ်ကလေးငယ်များ က  ကပြဖျော်ဖြေမှုနှင့်  အဆိုဝါသနာရှင်များ၏ တေးသီချင်းဖျော်ဖြေပေးနေမှုကို  တာဝန်ရှိသူများ က ကြည့်ရှုအားပေးကြသည်။  ယင်းနောက်  ဟိုပုံးမြို့နယ်၌ လက်ဖက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်တို့ကို ထည့်သွင်းကျင်းပခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)