ရွှေကျင် ဧပြီ ၁

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် လေးထပ်ဘုန်းတော်ကြီးကျောင်းတွင် ပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ )တန်းစာမေးပွဲကို ဧပြီ ၁ ရက်က စတုတ္ထနေ့အဖြစ် ဆက်လက်ကျင်းပသည်။

 

အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း ခုနစ်ပါး၊ ပထမလတ်တန်း ၁၅ ပါး၊ ပထမငယ်တန်း ၂၉ ပါး၊ အခြေပြုမူလတန်း ၂၉ ပါး စုစု‌ပေါင်း အပါး ၈၀ ဖြေဆိုလျက်ရှိသည်။ စာဖြေသံဃာတော်များအား ရွှေကျင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျာဟိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)