အေစီမီလန်အသင်းနဲ့ တိုရီနိုအသင်းတို့ မတ် ၂၂ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းက တိုရီနိုအသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အိမ်ရှင်အေစီမီလန်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၃၇ မိနစ်မှာ ပက်ဗလိုက တစ်ဂိုး၊ ဒုတိယပိုင်းပွဲကစားချိန် ၅၄ မိနစ်မှာ ရာဘီယော့က တစ်ဂိုး၊ ၅၆ မိနစ်မှာ ဖိုဖာနာက တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး တိုရီနိုအသင်းအတွက် သွင်းဂိုးတွေကိုတော့ ပထမပိုင်းပွဲကစား ချိန် ၄၄ မိနစ်မှာ ဆီမီနီက တစ်ဂိုး၊ ၈၃ မိနစ်မှာ ဗီလာဆစ်က တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ တိုရီနိုအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အီတလီစီးရီးအေ အမှတ်ပေးဇယားအဆင့်(၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အခြားသော အီတလီစီးရီးအေပွဲစဉ်တွေမှာတော့ နာပိုလီအသင်းက ကာဂလီယာရီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အူဒီးနီးစ်အသင်းကတော့ ဂျီနိုအာအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အူဒီးနီးစ်အသင်းဟာ ဂျီနိုအာအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အီတလီစီးရီးအေ အမှတ်ပေးဇယား အဆင့်(၁၁)နေရာကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
အီတလီစီးရီးအေ အမှတ်ပေးဇယားအဆင့် (၁၂)နေရာမှာရပ်တည်နေတဲ့ ပါးမားအသင်းနဲ့ ခရီမိုနိစ်အသင်းတို့ပွဲစဉ်မှာတော့ ခရီမိုနိစ်အသင်းက ပါးမားအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


