ပွင့်ဖြူ မတ် ၂၂

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ကုလားပဲသီးနှံဧက ၁၄၅၀၀ အထိ ရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲဧက ၆၂၁၂၀ စိုက်ပျိုးနိုင်ခဲ့ကာ ယနေ့တွင် ဧက ၁၄၅၀၀ အထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၂၀ ဒသမ ၅၃ တင်း ထွက်ရှိကြောင်း သိရသည်။

 

ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ကုလားပဲသီးနှံ ဧက ၆၂၁၂၀ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ခင်းတွေ အခုလက်ရှိမှာ ရိတ်သိမ်းလျက်ရှိရာ ဒီနေ့ထိ ဧက ၁၄၅၀၀ ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ ကုလားပဲသီးနှံ စိုက်ပျိုးတာနဲ့ပတ်သက်ပြီး တောင်သူတွေအနေနဲ့ တိုးချဲ့စိုက်ပျိုးဖို့၊ အထွက်နှုန်း ကောင်းမွန်ဖို့နဲ့ မျိုးကောင်းမျိုးသန့်တွေ သုံးစွဲကြဖို့ အသိပညာပေးတာတွေ ကြီးကြပ်ဆောင်ရွက်ခဲ့ပါတယ်ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောသည်။

 

ပွင့်ဖြူမြို့နယ်၌ ကုလားပဲစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ စိုက်ပျိုးရေ စနစ်တကျ သုံးစွဲရေး၊ ပိုးမွှားကျရောက်မှု ကင်းရှင်းရေး၊ ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲရေး၊ အထွက်နှုန်းကောင်းမွန်ရေးနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာပေးခြင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)