သထုံ     မတ်     ၁၀

မွန်ပြည်နယ် သထုံမြို့နယ်တွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနက စီစဉ်ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစား သင်တန်းများဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘင်လှိုင် ရပ်ကွက်ရှိ   မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က သင်တန်းဆင်း  အမှာစကားပြောကြားသည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူတို့က သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ သင်တန်းဆင်း လက်မှတ် များ‌   ပေးအပ်ခြင်းနှင့် သင်တန်းထူးချွန်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

နွေရာသီ  ကျောင်းပိတ်ရက်ကာလတွင် သထုံမြို့နယ်အတွင်း ခရိုင်အားကစားနှင့်  ကာယပညာဦးစီးဌာန၏  စီစဉ်မှုဖြင့်  မြန်မာ့သိုင်း၊ တင်းနစ်၊  ခြင်းလုံး၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဘောလုံးတို့၏ အခြေခံအားကစားနည်းသင်တန်းများကို ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၁၀ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား  သင်တန်းသူ ၂၅၀  ကျော် တက်ရောက်ခဲ့ကြကြောင်း   သိရသည်။

ခရိုင်(ပြန်/ဆက်)