တောင်ကြီး မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စု ဆူးပုတ်ကွေ့ကျေးရွာရှိ သိန်းဓနထွန်း လယ်ယာနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ ဆောင်းနေကြာ ရုရှားမျိုး စိုက်ပျိုးထားသည့် အခြေအနေများကို မတ် ၇ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက (သက်တန့်ရောင်စီမံကိန်း) ရုရှားနေကြာမျိုး စိုက်ပျိုးထားရှိသည့် အသင်းသားများအား အပင်၏ အသက်ရက်အလိုက် ကျွေးရမည့်အစာအာဟာရများ အချိုးကျ အချိန်ကိုက်ကျွေးရန်၊ ပိုးမွှားရောဂါ မကျရောက်စေရေး လိုအပ်သည်များကြိုတင်ဆောင်ရွက်ရန်၊ ရာသီကုန်ချိန်တွင် သတ်မှတ်အထွက်နှုန်းရရှိရေး ဦးတည်ကြိုးပမ်းကြပ်မတ် ဆောင်ရွက်သွားကြရန်နှင့် အသင်းမှလိုအပ်လျက်ရှိသော ငွေကြေး၊ အရင်းအနှီး၊ နည်းပညာများရရှိစေရေးအတွက် သက်ဆိုင်ရာ စိုက်ပျိုးရေးနည်းပညာရှင်များ၊ မြို့နယ်သမဝါယမအသင်းစုများနှင့် ပေါင်းစပ်ညှိနှိုင်းပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(သ/မ)


