လယ်ဝေး   မတ်   ၅

နွေရာသီ သင်တန်းများ (အခမဲ့) ဖြစ်သည့် အခြေခံဂျူဒိုသင်တန်း၊ အခြေခံအင်္ဂလိပ်စာ (Grammar)   သင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းများဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။

ဦးစွာ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ   ဦးကျော်သူရက အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး  ဒေါ်ဝေကြည်စန်းအောင်က သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးဝင်းအောင်က  သင်တန်းအတွက် အလှူငွေများပေးအပ်သည်။

အခြေခံဂျူဒိုသင်တန်း၊ အခြေခံပန်းချီ သင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများကို မတ် ၁ ရက်မှ ၁၅ ရက်အထိ လည်းကောင်း၊   အခြေခံအင်္ဂလိပ်စာ(Grammar) သင်တန်းကို မတ် ၁၅ ရက် မှ ၃၁ ရက်အထိလည်းကောင်း သင်ကြားပို့ချပေးမည်ဖြစ်သည်။

မြို့နယ် (ပြန်/ဆက်)