မိုင်းရှူး မတ် ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနက ဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားနည်းသင်တန်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြို့မအားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးမျိုးမင်းဝင်းက အမှာစကားပြောကြားပြီး Fitness Dance အကအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် အားကစားနည်းပြ ဆရာ ဆရာမများက အားကစားနည်းများ လက်တွေ့သရုပ်ပြသည်။
အဆိုပါ နွေရာသီအခြေခံအားကစားနည်းသင်တန်းတွင် နည်းပြ ဆရာ ၁၂ ဦးက ပြေးခုံပစ် ၁၅ ဦး၊ မြန်မာသိုင်း ၂၀၊ ပိုက်ကျော်ခြင်း ၃၀၊ ကြက်တောင်ရိုက် ၂၀ ၊Fitness Dance အက ၆၀ ၊ ဘောလုံး အားကစား သင်တန်းတွင် ၆၀ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၂၀၅ ဦးအား မတ် ၃ ရက်မှ ၂၀ ရက်အထိ နေ့စဉ်နံနက်ပိုင်းတစ်ကြိမ်နှင့် မွန်းလွဲပိုင်းတွင် တစ်ကြိမ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)


