မိုင်းပန်   မတ်   ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းနှင့် အားကစားခန်းမ၌ ဖွင့်လှစ်သည်။

အဆိုပါဖွင့်လှစ်ပေးသည့် နွေရာသီအခြေခံအားကစားသင်တန်းများတွင် ဘောလုံးပွဲ(ကျား/မ)၊ ဘော်လီဘော(ကျား/မ)၊ ကြက်တောင်(ကျား/မ)၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်နှင့် Fitness Dance အကများ စသည့်သင်တန်းများကို ဖေဖော်ဝါရီ ၁၅ ရက်မှ မတ် ၅ ရက်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။                                        

မြို့နယ်(ပြန်/ဆက်)