ဖေဖော်ဝါရီ ၂၄ ရက်နံနက်ပိုင်းက အဲဗာတန်အသင်းနဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက အဲဗာတန်အသင်းကို အနိုင်ရပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ မန်ယူအသင်းက ဒုတိယပိုင်းပွဲ ကစားချိန် ၇၁ မိနစ်မှာ ရရှိခဲ့တဲ့ ဆက်ကိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဟာ အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် မိုက်ကယ်ကားရစ်လက်ထက် ပရီမီယာလိဂ်ခြောက်ပွဲမှာ ရမှတ် ၁၆ မှတ်အထိ စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မန်ယူအသင်းအနေနဲ့ ပရီမီယာလိဂ်ပွဲစဉ် ၂၇ ပွဲ ယှဉ်ပြိုင်ကစား ပြီးချိန်မှာ ရမှတ် ၄၈ မှတ်ရရှိခဲ့ကာ အမှတ်ပေးဇယားအဆင့် ၅ နေရာက ချယ်လ်ဆီးအသင်းကို သုံးမှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဗာတန်အသင်းကတော့ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲစုံအိမ်ကွင်းခုနစ်ပွဲမှာ တစ်ပွဲမှ နိုင်ပွဲမရရှိခဲ့ဘဲ အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


