အီတလီစီးရီးအေ ပွဲစဉ်(၂၅) မှ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့သော ကက်ဂလီယာရီနှင့်လက်ချီအသင်း ပွဲစဉ်တွင် လက်ချီအသင်းက နှစ်ဂိုးပြတ်နိုင်ပွဲရရှိကာ တန်းဆင်းဇုန်မှ လွတ်မြောက်ခဲ့သည်။
ကက်ဂလီယာရီအသင်းသည် ဂိုးရရှိနိုင်သည့် အခွင့်အရေးဖန်တီးမှု နှစ်ကြိမ်ရှိခဲ့သော်လည်း နှစ်ကြိမ်စလုံး သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိပေ။ တန်းဆင်းဇုန်မှ လွတ်မြောက်ရေး အာရုံစိုက်ကစား လာသည့် လက်ချီအသင်းက ရရှိလာသည့် အခွင့်အရေးများကို အမိအရအသုံးချကာ သွင်းဂိုးများအဖြစ် ပြောင်းလဲပြီး ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်ကာ တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
ကက်ဂလီယာရီအသင်းသည် ပွဲကိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုနှင့်အတူ ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ်ရေအများအပြားရရှိခဲ့သော်လည်း ဂိုးပေါက်တည့်မတ်အောင်ပင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့သောကြောင့် နှစ်ပွဲဆက်ဂိုးပြတ်ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရသည်။
မိုးဇက်


