အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ပဉ္စမအဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ  အက်ဖ်အေဖလား  (၁၄)ကြိမ်အထိ   ရယူဆွတ်ခူးထားတဲ့     အာဆင်နယ်အသင်းက   မန်စ်ဖီးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

လိဂ်ဝမ်းကလပ်  မန်စ်ဖီးလ်အသင်းဟာ   အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ဘန်လေအသင်းကို  နှစ်ဂိုး-တစ်ဂိုးနဲ့  အနိုင်ရပြီး နောက်တစ်ဆင့် တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

လိဂ်ဝမ်းကလပ်   မန်စ်ဖီးလ်အသင်းဟာ အက်ဖ်အေဖလားပဉ္စမအဆင့်ကို ၁၉၇၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တက်လှမ်းခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

မန်စ်ဖီးလ်အသင်းအနေနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ  ဧည့်ခံကစားရမှာလည်း ဖြစ်ပါတယ်။

အခြားသော အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေမှာတော့ ဖူလ်ဟမ်အသင်းနဲ့ ဆောက်သမ်တန်အသင်း၊ ပို့ဘေးလ်အသင်း သို့မဟုတ် ဘရစ္စတိုးစီးတီးအသင်းနဲ့ ဆန်းဒါးလန်းအသင်း၊ နယူး ကာဆယ်အသင်းနဲ့  မန်စီးတီးအသင်း၊ ဝုလ်ဗာဟမ်တန်အသင်းနဲ့ လီဗာပူးအသင်း၊   ဝီရက်ဟမ်အသင်းနဲ့ ချယ်လ်ဆီးအသင်း၊ ဝက်စ်ဟမ်းအသင်းနဲ့  ဘရန်းဖို့ဒ်အသင်းတို့ အသီးသီးထိပ်တိုက် တွေ့ဆုံနေတာဖြစ်ပါတယ်။

အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ပေမယ့် ပို့ဘေးလ်အသင်းနဲ့ ဘရစ္စတိုးစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် စတုတ္ထအဆင့်ပွဲစဉ်ကို မတ် ၃ ရက်အထိ ရွှေ့ဆိုင်းထားတာဖြစ်ပြီး ပဉ္စမအဆင့်ပွဲစဉ်တွေကို မတ် ၇  ရက်နဲ့   မတ်  ၈  ရက်တို့မှာ ကျင်းပမှာဖြစ်ပါတယ်။ 

ငွေကြယ်