ရေး ဖေဖော်ဝါရီ ၄
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ဖလား)ဌာနဆိုင်ရာနှင့် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်က မွန်ပြည်နယ် ရေးမြို့နယ် မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများက နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခြင်းများ ဆောင်ရွက်သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်း နှစ်သင်းက ကွင်းအတွင်း နေရာယူကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က ဘောလုံးစတင်ကန်သွင်းခြင်းဖြင့် ပြိုင်ပွဲကို စတင်ပေးသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို အသင်းရှစ်သင်းတို့က တစ်သင်းလျှင်ပြိုင်ပွဲဝင် အားကစားသမား ၁၈ ဦးတို့ဖြင့် ဖေဖော်ဝါရီ ၂ ရက်မှ ၁၂ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်တွင် အနိုင်ရရှိသည့် အသင်းများအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ရှင်းသန့်ဖြူ


