ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းနည်းပြ ဂျာဗီဂရာစီယာသည် ဆွမ်ဆီးကို နှစ်ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အသင်းနှင့် လမ်းခွဲသွားပြီဖြစ်ကြောင်း သိရသည်။ ဝက်ဖို့ဒ်အသင်းသည် ဇန်နဝါရီ ၁ ရက် နောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ ငါးပွဲတွင် နိုင်ပွဲရရှိထားခြင်းမရှိဘဲ နှစ်ပွဲသရေနှင့် သုံးပွဲအထိ ရှုံးနိမ့်ထားသည်။ အသက် ၅၅ နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြ ဂရာစီယာသည် ဝက်ဖို့ဒ်အသင်းကို တာဝန်ယူကိုင်တွယ်ပြီး သုံးလကျော်တွင် ထိုကဲ့သို့ လမ်းခွဲသွားခြင်းဖြစ်ကြောင်း သိရသည်။ ဝက်ဖို့ဒ်အသင်းသည် ချန်ပီယံရှစ်အမှတ်ပေးပြိုင်ပွဲတွင် ၂၉ ပွဲကစားပြီး နိုင်ပွဲ ၁၁ ပွဲ၊ သရေ ၁၀ ပွဲနှင့် ရှစ်ပွဲ ရှုံးနိမ့်ထားသည်။
မိုးဇက်


