ပခုက္ကူ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၄ ရက်က ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသက်ထွန်းနိုင်က ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားကြသည်။
ဆက်လက်၍ အုပ်စုပထမပွဲစဉ်အဖြစ် အမှတ်(၆)ရပ်ကွက်အသင်းနှင့် Brother FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Brother FC အသင်းက ခြောက်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
အဆိုပါပြိုင်ပွဲတွင် အသင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အထိ အုပ်စုပွဲစဉ်ပြိုင်ပွဲများ၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် တတိယဗိုလ်လုပွဲနှင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်လုပွဲစဉ်များ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


