ခတ္တမန္ဒူ  ဇန်နဝါရီ  ၂၂

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပထမပိုင်းတွင် တရုတ်ထုတ်စမတ်ဖုန်းများ နီ‌ပေါဖုန်းဈေးကွက်ကို အသုံးများ နေရာယူလာခဲ့သည့်နည်းတူ နီပေါနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံမှ ဖုန်းများကို ပြည်တွင်းသို့ ပိုမိုတင်သွင်းလာခဲ့ကြောင်း အကောက်ခွန်ဌာနက ဇန်နဝါရီ ၂၁ ရက် ထုတ်ပြန်သော ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

နီပေါနိုင်ငံသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလလယ်အထိ စမတ်ဖုန်း ၁၂၅၂၆၃၄ လုံး တင်သွင်းခဲ့သည်။ လက်ရှိဘဏ္ဍာနှစ်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လလယ်မှ စတင်ခဲ့သည်။ တင်သွင်းခဲ့သော  ဖုန်းများအနက် တရုတ်ထုတ် စမတ်ဖုန်း ၈၅ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့သည်။

လွန်ခဲ့သော ဘဏ္ဍာနှစ်အလားတူကာလတွင် နီပေါနိုင်ငံသည် စမတ်ဖုန်း ၁၁၁၁၅၅၆ လုံး တင်သွင်းခဲ့ပြီး ထိုထဲတွင် တရုတ်ထုတ် စမတ်ဖုန်း ၇၇ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။ နီပေါနိုင်ငံတွင် ရှောင်မီ၊ ဗီဗိုနှင့် အော့ပိုဖုန်းတို့သည် ထင်ရှားသော  တရုတ်ဖုန်းအမျိုးအစားများ ဖြစ်ကြသည်။        

ဆင်ဟွာ