မြစ်သားမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မှိုစိုက်ပျိုးနည်း သင်တန်းဖွင့်

မြစ်သား ၆ မတ် 


မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၌ မတ်လ ၅ရက်နေ့ နံနက် ၁၀နာရီက စတင် ဖွင့်လှစ်ခဲ့သည်။

 

1


ထိုသို့ဖွင့်လှစ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ အငြိမ်းစားဆရာတစ်ဦးက မှိုစိုက်ပျိုးနည်း သင်ခန်းစာများအား စာတွေ့လက်တွေ့ ၁၅ရက်ကြာ ပို့ချသွားသင်ကြားသွားမည်ဖြစ်ပြီး မြို့နယ် အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 


သင်တန်းဖွင့်ပွဲသို့ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး မှိုစိုက်ပျိုးရန်မြေပြုပြင်နည်းကို လက်တွေ့သင်ကြားပြသခဲ့ကြောင်း သိရသည်။


ရဲဝင်းထွန်း(မြစ်သား)

 

1