ဂန့်ဂေါတွင် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့ ပြုလုပ်ပြသ

ဂန့်ဂေါ ၆ မတ်


ဂန့်ဂေါခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေးနည်းပညာပေး ဟောပြောပွဲနှင့် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းကို မတ်လ ၅ ရက် နေ့လည်ပိုင်းက ဂန့်ဂေါမြို့နယ် ကန်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


ပညာပေးဟောပြောပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဇော်မင်းက အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်တင်မာဖြိုးက မြေဆီလွှာပြုပြင် ထိန်းသိမ်းရေး နည်းပညာများ၊ သီးနှံကာကွယ်ရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ်က ငမြှောင်တောင်ပိုးအကြောင်း သိကောင်းစရာ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာနှင့် ထရိုင်ကိုဒါးမားမှိုဖြင့် မြေဆွေးပြုလုပ်နည်းများ၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်သွဲ့သွဲ့ညွန့်က မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေးနှင့် မျိုးကောင်းမျိုးသန့်များအကြောင်း၊ ခရိုင်မြေအသုံးချရေးဌာနခွဲမှ ဒုတိယဦးစီးမှူး ဦးမြင့်နိုင်က သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း စသည်တို့ကို ပညာပေးဆွေးနွေးခဲ့ကြသည်။ 


ဆက်လက်၍ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အကျိုးပြု အဏုဇီဝပိုး IMO ဖြင့်လည်းကောင်း၊ EM ဖြင့်လည်းကောင်း၊ ထရိုင်ကိုဒါးမား မှိုဖြင့်လည်းကောင်း သဘာဝမြေဆွေးပုံများကို လက်တွေ့ပြုလုပ် ပြသခဲ့ပြီး ပညာပေးဟောပြောပွဲသို့ တောင်သူဦးရေ ၈၀ ခန့် တက်ရောက်ခဲ့ကြောင်း ခရိုင်ပြန်/ဆက် ဦးစီးဌာနမှ သိရသည်။ 


MDN 

 

1