နေပြည်တော် အောက်တိုဘာ ၂၂
ယနေ့နံနက် ၅ နာရီ ၃၄ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၃/၅)နှင့် (၂၄၃/၆)ကြားတွင် ဘီးပေါက်၍ ရပ်တန့်ထားသော FUSO ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော SOJEN ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဘုရားတောင် အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်ကြောင့် SOJEN ယာဉ်ပေါ်ပါ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးရှစ်ဦး စုစုပေါင်း (၁၄)ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး (သေဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး (စိုးရိမ်ရ)၊ အမျိုးသားလေးဦးနှင့် အမျိုးသမီးခြောက်ဦး (မစိုးရိမ်ရ) တို့အား ဘုရားတောင် အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်ဖြင့် နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် FUSO ယာဉ်ပေါ်ပါ အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
မီးသတ်ဦးစီးဌာန


