နေပြည်တော်၊ အောက်တိုဘာ  ၁၃

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သုတေသီများပညာရှင်များ၊ တိုင်းဒေသကြီး ခရိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာ နှီးနှောဖလှယ်ပွဲများ တွင် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

ဉီးစွာ ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် အောက်ရွာကြီး အုပ်စုတွင် စိုက်ပျိုးထားသည့် မိုးစပါးစမ်းသပ်ကွက်နှင့် စံပြစိုက်ခင်းသို့ရောက်ရှိပြီး စိုက်ပျိုးရေးဦးစီး ဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော အထွက်ကောင်းစပါးမျိုးများ  အထွက်နှုန်းယှဉ်ပြိုင်ခြင်းစမ်း သပ်ကွက်ကိုကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍  ပညာရှင်နှင့်တောင်သူ လက်တွဲညီစွာဖြင့် လယ်ယာကဏ္ဍ ထုတ်ကုန်တန်ဖိုးမြှင့်တင်ရေး ကြိုးစား ဆောင် ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ကျေးလက် လူငယ်များအနေဖြင့်လည်း ကိုယ်နယ်၊ ကိုယ့်ဒေသဖွံ့ဖြိုး တိုးတက်ရေး တက်ကြွစွာ ပါဝင်စေလိုကြောင်းနှင့် မိမိတို့လယ်ယာ လုပ်ငန်းခွင်အတွက် လယ်ယာသုံး စက်ကိရိယာ သင်တန်းများကိုလည်း တက်ရောက် သင်ယူအသုံးချကြစေလိုကြောင်း ရင်းနှီး နွေးထွေး စွာမှာကြားသည်။

 

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ကျင်းပသည့်လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် နည်းပညာနှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တောင်သူများအနေဖြင့် လူစာ၊ တိရိစ္ဆာန်စာ၊ မြေစာ၊ ဂေဟစနစ်စာ စသည်တို့အတွက် တစ်ခုမဟူတ် တစ်ခုအတွက် စိုက်ပျိုးကြရမည် ဖြစ်ပါကြောင်း၊ ဂေဟစနစ်အားပြန်လည်ဦးစားပေးရန် ပြန်လည် ထိန်းညှိရန် နှင့် ကန်သင်းတွင် ပေါင်းပင်အပေါက်မခံပဲ စိုက်စရိတ်ကာမိစေမည့် သီးနှံများကို စိုက်ပျိုးကြစေလိုကြောင်း မိတ်ဆွေပိုးများအား ပြန်လည် ဆွဲဆောင်နိုင်စေမည့် နေကြာ၊ ပန်းနှမ်းကဲ့သို့ သီးနှံများ ကိုလည်းရေရှည်ကောင်းကျိုးအား မျှော်တွေးကာ စိုက်ပျိုးကြရမည်ဖြစ်ပါကြောင်း ၊ထို့ပြင် ပညာရှင်နှင့်တောင်သူများ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ခရိုင်အတွင်းရှိ မြို့နယ်များအနေဖြင့် တောင်သူများပါဝင်သည့် Viber group များဖွဲ့၍ ချိတ်ဆက်ဆောင်ရွက်သွား ကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆွေးနွေးပွဲသို့ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ကြံခင်း၊ အင်္ဂပူ၊ မြန်အောင် မြို့နယ်များ မှတောင်သူ (၂၅၄)ဦး နှင့် စိုက်ပျိုးရေးပညာရှင်ဝန်ထမ်း(၂၀)တို့ တက်ရောက်ခဲ့ကြပြီး သီးနှံမျိုးပညာရှင်များ၊ မြေဆီလွှာ ပညာရှင်များ၊ သီးနှံကာကွယ်ရေး ပညာရှင်များမှ စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ စသည့် သီးနှံမျိုးများနှင့် စပ်လျဉ်း ၍လည်းကောင်း၊ မြေဆီလွှာ ယိုယွင်းမှုအပေါ်ကာကွယ်ထိမ်းသိမ်းနည်းများ ၊ဂေဟစ နစ်ပြန်လည်ကောင်းမွန်လာစေရေးအတွက် ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းများ၊ ပေါင်းမြက် ကာကွယ်နည်းများကို ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ တောင်သူများနှင့်အုပ်စုဖွဲ့ကာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆွေးနွေးကြပြီး အုပ်စုအလိုက် ဆွေးနွေးရရှိချက်များကိုအပါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)