မုဒုံ အောက်တိုဘာ ၇

 

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံနေကြာ ဧက ၁၅၀၀ စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဆီထွက်သီးနှံနေကြာ လျာထားချက်အတိုင်း ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ကျေးရွာများအလိုက် တောင်သူပညာပေး ဆွေးနွေးပွဲများ၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မြေသြဇာသုံးစွဲမှု စနစ်တကျဖြစ်စေရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးမှုနည်းပညာများ ဖြန့်ဝေပေးခြင်းနှင့် တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောပြသည်။

 

မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံနေကြာကို တာပသွန်၊ ဘလောက်ညောင်ဝိုင်း၊ ထောင်ကေး၊ ဖဲဒို၊ ကတုံးပေါ်၊ ကော့ပရံ၊ ကော့ခပုံ၊ ကွမ်တာကျေးရွာများတွင် လျာထားဧက ၁၅၀၀ ကို ပြည့်မီစွာ အချိန်မီ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့် ပံ့ပိုးမှုများကို ဌာနဆိုင်ရာများက တောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)