နေပြည်တော် အောက်တိုဘာ ၄

 

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊ လူနာဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်ရှိ အေးသာယာတိုက်နယ်ဆေးရုံ ဆေးစတို၊ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်း၊ လူနာဆောင်များကို ကြည့်ရှုစစ်ဆေးပြီး ကလောမြို့နယ်ရှိ ဟဲဟိုးတိုက်နယ်ဆေးရုံနှင့် အောင်ပန်းတိုက်နယ်ဆေးရုံများရှိ သွားရောဂါပညာဌာန၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း ဓာတ်ခွဲခန်း၊ လူနာဆောင်များနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

 

သတင်းစဉ်