သရက် အောက်တိုဘာ ၁

 

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကောက်ယူခဲ့ရာ သက်ဆိုင်ရာ ကောက်ကွက်များအလိုက် စာရင်းစစ်၊ စာရင်းကောက်များက ရပ်ကွက်ကျေးရွားများတွင် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ စာရင်းကောက်ကွက်နေရာများသို့ သရက်ခရိုင် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် မူဝါဒချမှတ်ရေးအတွက် အရေးကြီးသည့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သရက်ခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူနိုင်သည့် နေရာဒေသများတွင် မထပ်မကျန် ကောက်ယူသွားရမည်ဖြစ်ကြောင်းနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်၏ အနာဂတ်စီမံချက်များအတွက် အထောက်အကူဖြစ်စေရုံသာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးအတွက် အဓိကကျ၍ စနစ်တကျဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ဇော်ထက်(သရက်)