ပဲခူး ဩဂုတ် ၂၉
ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့တက်ရောက် ချီးမြှင့်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng phang နော်တောင်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တို့က ကရင်ဖားစည်အား(၉) ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng phang နော်တောင် နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က နှုတ်ခွန်းဆက်စကားပြောကြားကာ ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ကရင်တိုင်းရင်းသားဘာသာ စာပေသင်ဆရာမတစ်ဦးက ရှင်းလင်းပြောကြားသည်။
ယင်းနောက် သရက်ကုန်း၊ ညောင်အင်း၊ ပျဉ်းမငူကျေးရွာများမှ ကရင်တိုင်းရင်း သား/တိုင်းရင်းသူများက ဖဲကြိုးကျစ်အကနှင့် ကရင်ရိုးရာအကများဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက ဦးဆောင်၍ ကရင်လူငယ်မောင်မယ်များက ကရင်အမျိုးသားအလံနှင့် လက်ချည်ဖွဲ့မည့် ပစ္စည်းများကို သတ်မှတ်နေရာများသို့ သယ်ဆောင်ခြင်း ဘိုးဘွားများနေရာယူခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများအား ချည်ဖြူဖွဲ့ပေးကြပြီး ကရင်အဖိုးအဖွားများအတွက် ထောက်ပံ့ငွေအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွက် ထောက်ပံ့ငွေအား ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ကရင်ရိုးရာဒုံးယိမ်းအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ညောင်လေးပင်ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် ဦးစောလင်းအောင်က ကျေးဇူးတင်စကား ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကာ အခမ်းအနားတက် ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


