တံတားဦး ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်ပြီး ကာယစွမ်းရည်၊ ဉာဏစွမ်းရည် ပြိုင်ပွဲများကို စဉ်ဆက်မပျက် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ပြပွဲ၊ ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူ(၁၃)ဦးမှ ပြိုင်ပွဲဝင်ခေါင်းစဉ်များ မဲနှိုက်ရွေးချယ်ကြပြီး မိမိတို့ကျရာခေါင်းစဉ်ဖြင့် ပုံပြင်ပြောပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးကြသည်။
ရဲတင့်( ပြန်/ဆက်)


