ရန်ကုန် ဩဂုတ် ၁
ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ်အတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်တင်ယာယီဈေးရပ်ကွက်၊ ကမ်းနားဥပစာလမ်း၊ ကိုင်းတန်း အမှတ်(၂) ဆိပ်ခံဗောတံတားတွင် ဆိုက်ကပ်လျက်ရှိသော သင်္ဘောပေါ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးဆိုင်းဘုတ်များ ချိတ်ဆွဲခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဓာတ်ဆားထုပ်များ ပေးဝေခြင်း၊ ကလိုရင်းဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ တားဆီးကာကွယ်ရေး ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်


