ဝမ်းတွင်း  ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေး အတွက် ပန်းခင်းစီမံချက်(၃)ဖြင့်  အိမ်ထောင်စုလူဦးရေးနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို ဇွန် ၁၉ ရက်က ခင်ကြီးကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့များမှ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် အကျုံးဝင်သော ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၁၆)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထံမှ သိရသည်။
(မြို့နယ် ပြန်/ဆက်)