ဗန်းမော် ဇွန် ၂၀
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး Billboard စိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ပေါက်ကုန်းရပ်ကွက်ရှိ အ.ထ.က(၁)နှင့် (၂) မီးပွိုင့်လမ်းဆုံ၌ ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဦးစွာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး Billboard အား တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ခရိုင်/ မြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဟူသော ဆောင်ပုဒ်ပါဆိုင်းဘုတ်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ တက်ရောက်လာကြသူများက အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆိုင်းဘုတ် စိုက်ထူကြခြင်းအခမ်းအနားကို ခရိုင်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးဘုန်းမော်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မှ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် လမ်းသွားလမ်းလာ မိဘပြည်သူများအား သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


