မုဒုံ     ဇွန်     ၁၂

 

စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံမြို့)တွင် ကျင်းပခဲ့သည်။

 

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး   မိရင်စနိုင်းမွန်က စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် ကုန်စည်ဝန်ဆောင်မှုများအပေါ်တွင် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်​ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူ၏ တာဝန်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် နည်းပြဆရာမများ၊ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)