နေပြည်တော်၊ ဧပြီ ၁၅
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သော Wilmar Myanmar Port Terminal (Wilmer) ဆိပ်ကမ်းမှ ပြောင်းဖူး စေ့တန်ချိန် ၂,၇၀၀ တင်ပို့ခဲ့သည်။
အလားတူ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-4) ၊ အေးရှားဝေါဆိပ်ကမ်း (AWPT-3)တို့မှ သင်္ဘော ၃ စီးဖြင့် ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ကုန်သေတ္တာအခွံ၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်ပစ္စည်းများ တင်ဆောင်ထွက်ခွာသွားကြောင်း သိရှိရပါသည်။ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-3) ၊ အေးရှားဝေါဆိပ်ကမ်း (AWPT-1) ၊ (AWPT-3) တို့မှလည်း ပို့ကုန် ဆန်၊ ပဲ၊ ပြောင်း များ သင်္ဘောတင်ဆောင်လျှက်ရှိသည်။
ထို့အပြင် ဧပြီ ၁၆ ရက်တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူးစေ့တန်ချိန် ၆,၆၀၀ ၊ မင်းထက်မင်းဆိပ်ကမ်း (MHM) မှ ပြောင်းဖူး စေ့တန်ချိန် ၂,၇၀၀၊ International Bulk Terminal Thilawa (IBTT) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ ၊ ဧပြီ ၁၉ ရက်တွင် ယခင် ဗိုလ်အောင်ကျော်ဆိပ် ကမ်း The Myanmar Terminal (TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)