မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူး၍ ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉  နာရီတွင် အဆိုပါ ဝန်ကြီးဌာနရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် ကမ္ဘာ့ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (World Trade Promotion Organization - WTPO)၊ အာရှကုန်သွယ်မှု မြှင့်တင်ရေးဖိုရမ် (Asian Trade Promotion Forum-ATPF) တို့အပါအဝင် ဒေသတွင်း ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိ (Trade Promotion Officer-TPO)များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်း များကို အဓိကတာဝန်ယူထမ်း ဆောင်နေရသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို ကောင်းမွန်စွာသိရှိ နားလည်မှသာ ထိရောက်သည့် ရလဒ်များရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးထံသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ချုပ်က သင်တန်းဖွင့်ပွဲအထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြုပေးအပ်သည်။

ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိ (Trade Promotion Officer – TPO) သင်တန်းကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်မည်ဖြစ်ပြီး ကုန်သွယ်မှု မြှင့်တင်ရေးအရာရှိများ သိသင့်သိထိုက်သည့် စာတွေ့လက်တွေ့ အသိပညာ၊ အတွေ့အကြုံနှင့် ဗဟုသုတများကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ နည်းပြများ၊ နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့များမှ နည်းပြများက (Physical / Virtual) စနစ်ဖြင့် ရက်သတ္တပတ် (၂) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်