ကျောက်ပန်းတောင်းမြို့နယ် စိန်တစ်လုံးသရက်စိုက်ခြံပိုင်ရှင်များ အသီးမတင်မည်ကိုစိုးရိမ်နေ

ကျောက်ပန်းတောင်း  ၂၅ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ စိန်တစ်လုံးသရက်စိုက်ပျိုးကြ သည့် သရက်ခြံပိုင်ရှင်များ ဖေဖော်ဝါရီလ ၁၇ ရက်က တိုက်ခတ်ခဲ့သည့် လေနီကြမ်းကြောင့် သရက်ပွင့်များ၊ သရက် သီးကင်းများ လေကြမ်းထိကာ သရက်သီးမတင်မည်ကို စိုးရိမ်နေကြကြောင်း ဆင်ဆင်းကျေးရွာ စိန်တစ်လုံး ခြံပိုင်ရှင် ဦးအောင်ဝင်းက ပြောပြသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ဆည်ပေါက်၊ ညောင်ကန်၊ ဆင်ဆင်း၊ နဂါးလည်၊ ဆည်၊ ကျောက်ခွက်၊ သင်ပေါင်း၊ လျှော်တော၊ စီးမ၊ လက်ပံအိုင့်၊ ဂွေးကုန်း၊ လဲဂွကျေးရွာ များသည် စိန်တစ်လုံးသရက်နှင့် အခြားသရက်မျိုးမျိုးစိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြောင်း သရက်များ လှိုင်လှိုင်ပွင့်နေချိန်၊ အချို့သရက်ခြံများ သီးကင်းလိုက်နေချိန် ဖေဖော်ဝါရီ ၁၇ ရက်က တိုက်ခတ်ခဲ့သည့် လေ ကြောင့် သရက်ခြံများ လေဒဏ်ခံခဲ့ရကာ စိန်တစ်လုံးသရက်ခြံများ အထွက်နှုန်းလျော့ကျနိုင်ကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ဒေသထွက် စိန်တစ်လုံးသရက်သည် အရည်အသွေး ကောင်းမွန်သောကြောင့် နာမည်ကောင်းရနေသော သရက် ဒီနှစ် အထွက်နှုန်းလျော့ကျနိုင်ကြောင်း သရက်ခြံ ပိုင်ရှင်များထံမှ သိရသည်။

 

ဆည်ကျေးရွာ၊ စီးမကျေးရွာများရှိ စိန်တစ်လုံးသရက်ခြံများ သီးကင်းတင်သောအချိန်ရောက်လျှင် တရုတ်လူမျိုး သရက်သီးပွဲစားများကိုယ်တိုင် ခြံအထိလာကြည့်ကာ ခြံပြတ်ဈေးဖြတ်သွားကြကြောင်း အချို့ တရုတ် သရက်ပွဲစားများက ဈေးဖြတ်ပြီးသား သရက်ခြံများကို ခြံစောင့်များပါလာတတ်ကြောင်း အချို့ပွဲစားများက ခြံပိုင်ရှင် အား ပြန်လည်ငှားစောင့်ခိုင်းကြောင်းသိရသည်။

 

‘စိန်တစ်လုံးသရက်ပေါ်ချိန် အသီးသီးရင် အလွန်တွက်ခြေကိုက်တာ။ ရာသီဥတု မဖောက်ပြန်ရင်တော့ စိတ်အေးရတာပေါ့ သရက်လှိုင်လှိုင် ပွင့်နေချိန်၊ အဖူးဖူးနေချိန် မိုးတိမ်တောင်အုံ့မှိုင်းနေရင်လည်း အပွင့်များအစေးထွက်ပြီး သရက်သီးမတင်ပြန်ဘူး၊ သရက် မဖူး၊ မပွင့်ဘဲ သရက်ရွက်အနုထွက်သွားရင်လည်း အဲဒီနှစ် မသီးပြန်ဘူး။ ကျွန်တော်တို့ဘက် စိန်တစ်လုံးသရက်ခြံတွေကို သဘာဝအတိုင်းပဲထားတာ၊ ဘာဆေး၊ ဘာ မြေသြဇာမှ မကျွေးဘဲ နာမည်ရလာတာ ၊အရည်အသွေးကောင်းတဲ့အကြောင်း တစ်ဆင့်စကား တစ်ဆင့်နား ကြားရတော့ ကျောက်ပန်းတောင်းဒေသ စိန်တစ်လုံးသရက်ခြံပိုင်ရှင်တွေ ကိုယ်စား ဝမ်းသာရပါတယ်” [k နဂါးလည်ကျေးရွာ သရက်ခြံပိုင်ရှင် ဦးထွန်းထွန်းကပြောပြသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း) 

 

KPT 2

 

KPT 3