ပေါက်မြို့နယ်၌ ကြက်သွန်နီမျိုးနှံဥ စိုက်ခင်းများ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုး

ပေါက်  ၂၄  ဖေဖော်ဝါရီ

 

ပေါက်မြို့နယ်တွင် ကြက်သွန်နီစိုက် တောင်သူများ ကြက်သွန်မျိုးစေ့ ရရှိစေရေးအတွက် ကြက်သွန်နီမျိုးနှံဥ စိုက်ခင်းများ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့စိုက်ပျိုးရာတွင် ယခင်နှစ်က ဆောင်းရာသီ ကြက်သွန်ပျိုးပင် စိုက်ခင်းများမှ ထွက်ရှိလာသော ကြက်သွန်နီဥများတွင် မျိုးကောင်းမျိုးသန့် ကြက်သွန်နီဥများကို ရွေးချယ်၍ နတ်တော်လထဲတွင် မြေပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ပြာသိုလထဲတွင် ဖြိုင်ဖြိုင်စိုက်ပျိုးကာ အပင်အနေထားပေါ် မူတည်၍ ရေသွန်းခြင်း၊ မြေသြဇာကျွေးခြင်းနှင့် ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ကာ တန်ခူးလထဲတွင်ရိတ်သိမ်ကာ မျိုးစေ့များကို လေလုံအောင် သိမ်းဆည်းထားရကြောင်း သိရသည်။

 

ယခင်နှစ်က ကြက်သွန်မျိုးစေ့ ပျိုးချိန်၊ ဇော်မွှားမျိုးထောင်ချိန်၊ တိုက်ရိုက်မျိုးစေ့ချချိန်တွင် မျိုးစေ့တစ်ပြည်လျှင် ငွေကျပ်  ၈၀ဝ၀ဝ ခန့် ရောင်းချရ၍ လာမည့်နှစ်တွင်လည်း ဈေးကောင်းရရန် မျှော်လင့်ကာ  ကြက်သွန်နီဥမျိုး စိုက်ခင်းများ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးလာခြင်းဖြစ်ကြောင်း သိရသည်။

 

ဉာဏ်တိုး(ပေါက် ပြန်/ဆက်)

 

a